10 years
၁၀ နှစ်ဆိုတဲ့အချိန်ဟာ ဘာမှမကြာလိုက်သလိုပါပဲ။ ကျွန်တော်သူ့ကို ပထမဆုံး စတွေ့ပြီး ချစ်ခွင့်ပန်ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၉၉၈ မေ ၂၁ ရက်၊ အခုဆို ၁၀ နှစ်တောင် ပြည့်ခဲ့ပါပြီ။ တစ်ကယ်တမ်း သူ့ဆီက ကျွန်တော့်ကို ချစ်ပါတယ်လို့ အဖြေရခဲ့တာ ၃ နှစ်ကျော်ပဲ ရှိသေးပေမယ့် သူများတွေက ချစ်သူသက်တမ်း ဘယ်လောက်ရှိပြီလဲလို့ သူ့ကိုမေးရင် သူက ပထမဆုံး ချစ်ခွင့်ပန်ခဲ့တဲ့ အဲဒီနေ့ကနေပဲ စလို့ ရေတွက်တတ်တယ်။ ၁၀ နှစ်တာကာလတစ်လျှောက် ကျွန်တော့်ဘေးနားမှာ သူငယ်ချင်းကောင်းတစ်ယောက် အနေနဲ့ရော ချစ်သူတစ်ယောက် အနေနဲ့ပါ အားဖြည့်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေး ကျွန်တော် လာပြောတာပါ။ နောင်အနာဂတ်များမှာလဲ သူငယ်ချင်းအနေနဲ့ရော ချစ်သူအနေနဲ့ရော၊ ချစ်ဇနီးမယားတစ်ယောက်အနေနဲ့ပါ ဆက်လက် အားဖြည့်ပေးနိုင်ပါစေချစ်သူရေ။
Labels: အမှတ်တရ
နိုင်းနဒီ said...
ငစနေရေ. ကျော်ဟိန်းကိုအားကျလားဟင်. ၁၀နှစ် . ၁၀နှစ်. ဟိဟိ
4:51 AM
ခင်မင်းဇော် said...
ငစနေရေ.. ဒီအသက်အရွယ်ဆိုတာ အိမ်ယာအတည်အကျ ဖြစ်ရတော့မယ်နော်.. ၀ါမခင်လေး မင်္ဂလာပွဲလေး တော့ လုပ်ဖြစ်အောင် လုပ်ပါတော့... ၁၀ နှစ်ဆိုတာ နည်းတာမှ မဟုတ်တာ။ ယုံကြည်မှု တည်ဆောက်တဲ့အချိန် လွန်သွားပြီနော်..
ပျော်ရွှင်ကြပါစေ။
2:52 PM