ကိုငှက်ဆုံးတဲ့နှစ်ပါတ်လည်ဆိုတော့ ကိုငှက်သီချင်းတွေပဲ နားထောင်ဖြစ်နေတယ်။ တစ်ပုဒ်ကိုတစ်မျိုး မရိုးရအောင်ကို ကောင်းလွန်းတဲ့ ကိုငှက်သီချင်းတွေထဲမှာ အကြိုက်ဆုံးနဲ့ အထိရှဆုံးသီချင်းကတော့ အမေ့ရဲ့ ဒုက္ခအိုးလေး သီချင်းပဲ။ ဖိုးစနေ အမေ့ကိုချွဲချင်တိုင်း အိမ်မှာဖွင့်နေကျသီချင်းပေါ့။ Jazz ဂီတကိုလဲ နက်နက်နဲနဲ ခံစားတတ်စေခဲ့တဲ့ သီချင်းပေါ့။
နေအခါခါထွက်လို့ စံပယ်တွေလဲ မွှေးတသက်သက်ဝေခဲ့တယ်။ ကံနဲ့ဆောက်တဲ့ဝင်္ကပါမှာ ချစ်သူနဲ့ကိုယ်နဲ့ကတော့ ပြန်မဆုံကြသေးပါဘူး
Showing posts with label Music Videos. Show all posts
Showing posts with label Music Videos. Show all posts
Sunday, August 16, 2009
Monday, July 07, 2008
Blaze of Glory - Jon Bon Jovi
စိတ်ညစ်တာတွေ များလာရင် နားထောင်တတ်တဲ့ သီချင်းတွေထဲမှာ ဒီသီချင်းလဲ တစ်ပုဒ်အပါအဝင်ပါပဲ။ Jon Bon Jovi ရဲ့ Blaze of Glory သီချင်းပါ။ လောလောဆယ် ကျွန်တော် စိတ်ညစ်နေပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး အားမရတာတွေ များနေတာလဲ ပါတာပေါ့။ အိပ်ယာထ - ရုံးသွား - ရုံးပြန် - အိပ်ယာဝင် ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ဘဝကို တော်တော်လေး ငြီးငွေ့နေပါတယ်။ အိမ်ပြန်ချင်နေတယ်။ အဖေနဲ့အမေ့ကို သတိရနေတယ်။ ကိုယ်ထောင်တဲ့ဇာတ်မို့ ကိုယ်တိုင်ပြီးအောင် ကနေရပေမယ့် ဇတ်ညွှန်းကိုဆက်မရေးတတ်တော့ ဇာတ်ကြီးက တဝဲလည်လည်ဖြစ်နေလေရဲ့ဗျာ။ ညည်းတာတွေ အသာထားလို့ သီချင်းလေးကိုတော့ နားထောင်ကြည့်လိုက်ကြပါဦး။
Friday, January 04, 2008
Wednesday, December 19, 2007
Knockin' On Heaven's Door (Bob Dylan)
Bob Dylan ရဲ့ Knockin' On Heaven's Door ပါ။ ခံစားကြည့်ကြပါဦး။ Avril ဆိုထားတာကိုကြိုက်သလို ဒီ version ကလဲ ရသတစ်ခု ပေးနိုင်ပါလိမ့်မယ်။
ဒါကတော့ Guns N' Roses ရဲ့ original version ပါ။
Subscribe to:
Posts (Atom)