နေအခါခါထွက်လို့ စံပယ်တွေလဲ မွှေးတသက်သက်ဝေခဲ့တယ်။ ကံနဲ့ဆောက်တဲ့ဝင်္ကပါမှာ ချစ်သူနဲ့ကိုယ်နဲ့ကတော့ ပြန်မဆုံကြသေးပါဘူး
Showing posts with label photos. Show all posts
Showing posts with label photos. Show all posts
Tuesday, August 04, 2009
Monday, July 07, 2008
S P E E D
ဒီတစ်ပတ်တော့ S P E E D ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတစ်ချို့ ရိုက်ဖြစ်ပါတယ်။ အရှိန်နဲ့ ရွေ့လျားနေတဲ့ ကား၊ ဆိုင်ကယ် စတဲ့ အရာဝတ္ထုတွေကို ရိုက်ကြည့်တာပါ။ အဲဒီလိုပုံမျိုးရိုက်တဲ့အခါ shutter speed ကို အရမ်း မြန်ထားရင် object က freeze ဖြစ်သွားပြီး ပုံထဲမှာ သွားနေတဲ့ကားဟာ ရပ်နေတဲ့ ကားနဲ့ မခြားနားတော့ပါဘူး။ အဲဒီအတွက် shutter speed ကို ၁/၃၀ စက္ကန့် လောက်မှာ ထားပြီး ရိုက်ပါတယ်။ object ရဲ့ speed က နှေးနေရင်တော့ ၁/၂၀ စက္ကန့်လောက်ထားသင့်ပါတယ်။ shutter ကို နှေးထားပြီး ကင်မရာကို သွားနေတဲ့ အရာဝတ္ထုအတိုင်း လိုက်ရွှေ့ပြီး ချိန်ရင်း ရိုက်လိုက်တဲ့အခါ နောက်ခံက movement blur ဖြစ်နေတဲ့ ကား၊ ဆိုင်ကယ် ပုံတစ်ပုံကို ရပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင် ငှက်တွေ ပျံနေတာကိုလဲ အဲဒီလို ရိုက်ကြည့်လို့ရပါတယ်။ အလွန်ကောင်းတဲ့ ပုံတစ်ပုံ ထွက်လာပါလိမ့်မယ်။ အခု ကားတွေနဲ့ ဆိုင်ကယ်ပုံကို ခံစားကြည့်ပါဦး။








Tuesday, July 01, 2008
Sunday, June 29, 2008
C I T Y L I G H T S
Mt. Faber ပေါ်ကနေ စင်္ကာပူရဲ့ downtown area ကို လှမ်းမြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ C i t y L i g h t s လို့ပဲ နာမည်ပေးလိုက်တယ်။
B R I D G E S
ဒီနေ့ ဓါတ်ပုံထွက်ရိုက်ဖြစ်တဲ့ ပုံတွေထဲက တစ်ချို့ပါ။ ဒီပုံလေးကတော့ တံတား တဲ့။ ထောက်ထားတဲ့တိုင်က တစ်တိုင်တည်းရယ်ဗျ။ ပြုတ်ကျမှဖြင့် ဒုက္ခနော်။

အပေါ်က တံတားကိုပဲ နောက် ရှုထောင့်တစ်မျိုးကနေ ပြန်ရိုက်ထားတယ်။ ရိုက်ဖို့ချိန်နေတုန်း တံတားမှာ ထွန်းထားတဲ့ မီးရောင်တွေ ပြောင်းသွားပြီး ကျွန်တော်ရိုက်လိုက်တဲ့ပုံစံလေးက DNA မုန့်ကြိုးလိမ်ပုံနဲ့ တူနေလို့ DNA လို့ပဲ နာမည်ပေးလိုက်တယ်။

ဒီတံတားတစ်ခုကတော့ သူတို့က Waves လို့ နာမည်ပေးထားတယ်။ အဝေးကနေကြည့်ရင် တံတားတစ်ခုလုံးက လှိုင်းတွန့်တွေလိုမျိုးဖြစ်နေတာ တော်တော်လေးလှတယ်။ ဒီပုံကတော့ အဲဒီ တံတာပေါ်ကနေပဲ အကွေ့တစ်နေရာကို ပြန်ရိုက်ထားတာပါ။
Friday, June 27, 2008
တစ်ခါက ဧရာဝတီ
Thursday, June 26, 2008
Old Places
ဖိုးစနေရောက်နေတဲ့ ခြင်္သေ့ကျွန်းဆိုတာလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကဆို တံငါရွာသာသာလေးရယ်ရှိတာ။ အဲဒီတော့ သူတို့မှာ ဘာရာဇဝင် သမိုင်းကြောင်းရယ်မှ တင့်တင့်တယ်တယ်မရှိရှာဘူး။ ရှေးဟောင်းအဆောက်အဦဆိုလို့လဲ နှစ် ၁၀၀ ကျော်တာထက် ပိုပြစရာကိုမရှိ၊ ဖိုးစနေတို့ ရန်ကုန်က ရွှေတိဂုံစေတီတော်မြတ်ကြီးဟာဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ခဲ့တာလို့များပြောလိုက်ရင် သူတို့ခင်မျာ ပါးစပ်အဟောင်းသားလေးတွေနဲ့ရယ်။ အဲဒါ ရွှေအစစ်တွေကွ လို့များ ကြွားလိုက်လို့ကတော့ ဘာမှကို ပြန်မပြောနိုင်ကြရှာဘူး။ အဲလေ ... အကြွားက လွန်ပြန်ပြီ။ အင်္ဂလိပ်မင်းများ ဝင်ရောက်သိမ်းပိုက်ပြီး ဆိပ်ကမ်းမြို့ ခံတပ်မြို့လေး တည်လိုက်တော့မှ စင်ကာပူဆိုတာ သားသားနားနားဖြစ်လာတာကလား။ အဲဒီတော့မှ တည်ထားတဲ့ အဆောက်အဦလေးတွေဆိုရင် သူတို့ခင်မျာ တော်တော်လေးကို အကုန်အကျခံပြီး ထိန်းသိမ်းရရှာတယ်။ ရန်ကုန်မှာတုန်းကတော့ အဲဒီလို အဆောက်အဦတွေ ဓါတ်ပုံရိုက်ချင်ရင် ဘယ်နားရိုက်ရိုက် ပေါပါလေ့၊ ကြိုက်သလောက်ရိုက်စမ်းပါ ပေါ့ဗျာ။ ဒီမှာတော့ ရှားပါးတယ်။ မရှိမဲ့ရှိမဲ့လေးတွေ လိုက်ရိုက်ထားတာကို ပြရရင်ဖြင့် ... ဒါလေးက ကြောင်လိမ်လှေခါး လို့ နာမည်ပေးထားတယ်။ ကြည့်ကြည့်ပါဦး။
Wednesday, June 25, 2008
R U N N I N G S H O E S
ဖိုးစနေ အလုပ်များချင်ယောင်ဆောင်ပြီး အပျင်းထူနေတာနဲ့ ခါတိုင်းလုပ်နေကျ အားကစားလေးတောင် မလုပ်ဖြစ်တာ ကြာပါပြီ။ အားကစားဆိုတာလဲ အားမှကစားတာကိုးဗျ နော။ အဲဒါနဲ့ ဟိုတစ်ရက်က ပန်းခြံထဲပြေးရအောင်လို့ အပြေးဖိနပ်လေးဆွဲပြီးသွားပါတယ် လက်စွဲတော် ကင်မရာကလဲ ကန့်လန့်ကန့်လန့် ပါလာလေတော့ ကင်မရာနဲ့ ဖိနပ်ကို မိတ်ဆက်ပေးလိုက်တာ အောက်ကပုံလေးရလာပါတယ်။ သူ့ကိုမစီးတာကြာလို့ ဟိုဘက်လှည့်ပြီးစိတ်ကောက်နေတဲ့ ကျွန်တော့်ရဲ့ R U N N I N G S H O E S လေးပေါ့။
Tuesday, June 24, 2008
ပန်းအလှ
စင်္ကာပူ ရုက္ခဗေဒဥယျာဉ်ရောက်တုန်း ဟိုလျှောက်ရိုက်ဒီလျှောက်ရိုက်လုပ်ခဲ့တာ ပန်းပွင့်ပုံလေးတွေ ရလာပါတယ်။ ကြည့်ကြည့်ပါဦး။
ကဲ။ အားလုံးပဲ ... အိပ်လိုက်ဦးမယ်ဗျာ။ ၃ နာရီ ၁၅ ဆိုတော့ အိပ်မှဖြစ်တော့မယ်။
ကဲ။ အားလုံးပဲ ... အိပ်လိုက်ဦးမယ်ဗျာ။ ၃ နာရီ ၁၅ ဆိုတော့ အိပ်မှဖြစ်တော့မယ်။
S A R A H
ပြီးခဲ့တဲ့ဧပြီလတုန်းက ဖိုးစနေ မလေးရှားကို တစ်ခေါက် အလည်သွားခဲ့ပါသေးတယ်။ အစ်မအိမ်ရောက်တုန်းရောက်ခိုက် တူမတော် အချောအလှကို ဓါတ်ပုံရိုက်လာခဲ့တယ်။ ပဲကတော့ များပါ့ဗျာ။ ဓါတ်ပုံရိုက်ဖို့ ကင်မရာနဲ့ ရွယ်လိုက်တာနဲ့ အပြတ်အိုက်တင်ပေးတော့တာပဲ။ အဲဒါ ၅ လခွဲ ပါလို့ ဘယ်သူက ပြောလို့ယုံမှာတုန်း။ ဒီနေ့တော့ စိတ်ကူးရတုန်း ပုံလေးကို နည်းနည်းပါးပါးပြန်ပြင်ပြီး ဘောင်လေးခတ်လိုက်တယ်။
Monday, June 23, 2008
စိတ်ကူးရွက်လှေ
စာမရေးဖြစ်တာကြာပြီဗျာ။ ဓါတ်ပုံလဲ ကောင်းကောင်းမရိုက်ဖြစ်ဘူး။ ကိုယ့်ဟာကိုယ်လဲ မကျေမနပ်တွေဖြစ်နေတယ်။ ကျွန်းပေါ်မှာ ဘာမှရိုက်စရာမရှိလို့လားဆိုပြီး ဟိုတစ်ပတ်တုန်းက Palau Ubin ဆိုတဲ့ ကျွန်းပေါက်စဘက် စက်ဘီးစီးထွက်ရင်းနဲ့ ဓါတ်ပုံရိုက်ဖို့ကြံပါတယ် မိုးက မည်းမှောင်လာပြီး ခပ်သည်းသည်းကို ရွာလေတော့ ဟိုဘက်ကမ်းကူးနေတုန်းမှာ စက်လှေပေါ်ကရိုက်လိုက်တဲ့ပုံပဲ ရလိုက်တယ်။ ပြီးတာနဲ့ ကင်မရာကို ကြွပ်ကြွပ်အိတ်နဲ့ထုတ်၊ ကျောပိုးအိတ်ထဲထည့်ပြီး မိုးထဲရေထဲ စက်ဘီးစီးခဲ့ရတယ်။ သူငယ်ချင်း၎ ယောက်သား ကြွက်စုတ်လေးတွေအတိုင်းပဲ။ ဓါတ်ပုံကတော့ ဒီမှာပါ။ စိတ်ကူးရွက်လှေ လို့ နာမည်ပေးထားတယ်။ ကျွန်တော့်စိတ်ကူးတွေ အဲဒီရွက်လှေလိုပဲ ကမ်းကပ်ပြီး ရွက်ချထားရတယ်။ ရာသီဥတုမှ မကောင်းပဲကိုးဗျာ။

Camera - Fujifilm S-5700
ISO - 100
Aparture - 5.0
Focal length - 120mm
Shutter speed - 1/240

Camera - Fujifilm S-5700
ISO - 100
Aparture - 5.0
Focal length - 120mm
Shutter speed - 1/240
Sunday, January 27, 2008
အထီးကျန်
Friday, December 21, 2007
Wednesday, December 05, 2007
some test shots
ကြွားပြီဗျို့။ မနေ့က စမ်းပြီးရိုက်လာတဲ့ ပုံလေးတွေ တင်လိုက်ပြီ။ Tripod မရှိတော့ တစ်ချို့ပုံတွေက handshake နည်းနည်း ထိထားတယ်။ ညဘက် ရိုက်တဲ့ပုံတွေ အတော်ထိတာပေါ့။ နောက်တစ်ခေါက် tripod ဝယ်ပြီးမှပဲ အပီ ထပ်ရိုက်တော့မယ်။ အခု ရိုက်ထားတဲ့အထဲက ပြင်လို့ပြီးသလောက်ကို တင်လိုက်တယ်။ ပြင်တယ်ဆိုတာက cropping လုပ်တာတစ်ခုတည်းပါ။ ကျွန်တော်က lighting နဲ့ color ကို camera က ပေးတဲ့အတိုင်း ထားတာကို ပိုသဘောကျတယ်။ အားမနာ ပါးမနာ ဝေဖန်ကြပါ။
Wednesday, October 03, 2007
Friday, September 28, 2007
ရာဇ၀င်များရဲ့သတို့သမီး
ခေတ်အဆက်ဆက်ရဲ့ အသက်သွေးကြော၊ ဘ၀တို့ စီးဆင်းရာ၊ ယဉ်ကျေးမှုတို့မွေးဖွားရာ၊ မြို့တော်ဟောင်းတို့ရဲ့ သင်္ချိုင်း၊ အမိမြန်မာရဲ့ မွေးချင်း ညီအစ်မ ... “ဧရာဝတီ”။ သူဟာလဲ တို့အားလုံးရဲ့ မိခင်ပါပဲ။ ခေတ်အဆက်ဆက်၊ ရာဇ၀င်ပေါင်းများစွာနဲ့ အပြုံးမပျက် လက်ဆက်ခဲ့တယ်။ ခေတ်တွေ သာပြောင်းသွားတယ် သူကတော့ ဆက်လက် စီးဆင်းနေမြဲ ...
ဒါက အကောက်တောင်ပေါ်ကနေ ရိုက်ထားတဲ့ပုံပါ။
ထုံးဘိုမှ အကောက်တောင်ကို သွားနေတုန်း ရိုက်ထားတာ

မြစ်ကမ်းပါးက ဘုရားဆင်းတုတွေ (Exposure meter ကြောင်သွားလို့ lighting burn ဖြစ်သွားတယ်)
မြစ်ကမ်းပါးက ဘုရားဆင်းတုတွေ (Exposure meter ကြောင်သွားလို့ lighting burn ဖြစ်သွားတယ်)
ထုံးဘို ဆိပ်ကမ်းမှာ သင်္ဘောတွေ ကပ်ထားတယ်
ထုံးဘိုဆိပ်ကမ်း
အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေ၊ ထုံးဘိုမြို့
အဖေ့အိမ်
ကျွန်တော့်ရဲ့မြို့တော်
အိမ်က ယူလာတဲ့ hard-drive ကို အခုမှပဲ မမေ ကောင်းမှုနဲ့ သူ့ external HDD drive ငှားပြီးတော့ file တွေ ပြန်ဖွင့်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက Sakura Tower အပေါ်ဆုံးထပ်ကနေ ရိုက်ယူထားတဲ့ ပုံလေးတွေ့လို့ အမှတ်တစ်ရ ပြန်တင်မိတယ်။ ဒီရက်ပိုင်းလဲ Sakura Tower ပေါ်ကနေ ရိုက်ထားတဲ့ပုံတွေ ကြည့်နေရတာ များပြီ။ အပြောင်းအလဲလေးပေါ့။ ကျွန်တော့်မြို့တော်ရန်ကုန်ဟာ အခုရော အဲဒီလို စိမ်းစိုနေတုန်းပဲလား။ လှပနေတုန်းပဲလား လို့ တွေးနေမိတယ်။ ဟိုနေ့က GTalk မှာ Status ကို “စိမ်းနေဦးမည့် ကျွန်တော့်မြေ” လို့ တင်ထားမိတော့ သူငယ်ချင်းတစ်ယောက်က လှမ်းအော်တယ် ... “စိမ်းတော့စိမ်းတယ် ... ပုတ်သင်ညိုစိမ်း” တဲ့။
Subscribe to:
Posts (Atom)


















