ဒီနေ့ ဓါတ်ပုံထွက်ရိုက်ဖြစ်တဲ့ ပုံတွေထဲက တစ်ချို့ပါ။ ဒီပုံလေးကတော့ တံတား တဲ့။ ထောက်ထားတဲ့တိုင်က တစ်တိုင်တည်းရယ်ဗျ။ ပြုတ်ကျမှဖြင့် ဒုက္ခနော်။

အပေါ်က တံတားကိုပဲ နောက် ရှုထောင့်တစ်မျိုးကနေ ပြန်ရိုက်ထားတယ်။ ရိုက်ဖို့ချိန်နေတုန်း တံတားမှာ ထွန်းထားတဲ့ မီးရောင်တွေ ပြောင်းသွားပြီး ကျွန်တော်ရိုက်လိုက်တဲ့ပုံစံလေးက DNA မုန့်ကြိုးလိမ်ပုံနဲ့ တူနေလို့ DNA လို့ပဲ နာမည်ပေးလိုက်တယ်။

ဒီတံတားတစ်ခုကတော့ သူတို့က Waves လို့ နာမည်ပေးထားတယ်။ အဝေးကနေကြည့်ရင် တံတားတစ်ခုလုံးက လှိုင်းတွန့်တွေလိုမျိုးဖြစ်နေတာ တော်တော်လေးလှတယ်။ ဒီပုံကတော့ အဲဒီ တံတာပေါ်ကနေပဲ အကွေ့တစ်နေရာကို ပြန်ရိုက်ထားတာပါ။

2 comments:
ပုံတွေ မိုက်တယ်ဗျာ။ နောင်လည်း လာကြည့်ဦးမယ်
ကျန်းမာပျော်ရွှင်ပါစေ
CMS
ပုံတွေ တော်၂ကြိုက်တယ် ။ အထူးသဖြင့် ဒီပို့စ်က ပုံတွေ ။
Post a Comment