ဒီတစ်ပတ်တော့ S P E E D ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတစ်ချို့ ရိုက်ဖြစ်ပါတယ်။ အရှိန်နဲ့ ရွေ့လျားနေတဲ့ ကား၊ ဆိုင်ကယ် စတဲ့ အရာဝတ္ထုတွေကို ရိုက်ကြည့်တာပါ။ အဲဒီလိုပုံမျိုးရိုက်တဲ့အခါ shutter speed ကို အရမ်း မြန်ထားရင် object က freeze ဖြစ်သွားပြီး ပုံထဲမှာ သွားနေတဲ့ကားဟာ ရပ်နေတဲ့ ကားနဲ့ မခြားနားတော့ပါဘူး။ အဲဒီအတွက် shutter speed ကို ၁/၃၀ စက္ကန့် လောက်မှာ ထားပြီး ရိုက်ပါတယ်။ object ရဲ့ speed က နှေးနေရင်တော့ ၁/၂၀ စက္ကန့်လောက်ထားသင့်ပါတယ်။ shutter ကို နှေးထားပြီး ကင်မရာကို သွားနေတဲ့ အရာဝတ္ထုအတိုင်း လိုက်ရွှေ့ပြီး ချိန်ရင်း ရိုက်လိုက်တဲ့အခါ နောက်ခံက movement blur ဖြစ်နေတဲ့ ကား၊ ဆိုင်ကယ် ပုံတစ်ပုံကို ရပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင် ငှက်တွေ ပျံနေတာကိုလဲ အဲဒီလို ရိုက်ကြည့်လို့ရပါတယ်။ အလွန်ကောင်းတဲ့ ပုံတစ်ပုံ ထွက်လာပါလိမ့်မယ်။ အခု ကားတွေနဲ့ ဆိုင်ကယ်ပုံကို ခံစားကြည့်ပါဦး။








2 comments:
speed ပုံတွေ လာကြည့်သွားတယ် ။ ကြိုက်တယ် ။ ဒါပေမယ့် ဒီ့ထက် ပြတ်သားနိုင်သေးသလားလို့ ။ ခု object of interest က နည်း၂၀ါးနေသေးသလိုပဲ ။
ဟုတ်တယ်ဗျ။ အပေါ်ဆုံးက ၂ ပုံ နည်းနည်းဝါးတယ်။ မြင်ရလောက်တယ်ဆိုပြီး တင်ထားတား
Post a Comment