Friday, October 10, 2008

What's happened to Me?

Well, it’s been so long I haven’t blog. And because of some emotional fluctuations, I’m not in a mood to type smooth words in my native language. So, here come my first blog post in English and of course, I post it via mail. I’m feeling so bored to open the Blogger.com at this moment.

Some of my blog readers might be wondering where am I , what am I doing and why I didn’t post for so long. Well, there’re many reasons, one thing is my work and another thing is my mood. I’m about to go back to my beloved Motherland for a visit and I’ve got to move all my project deadlines ahead of my vacation date. It’s the hell of busy days. My mood? Well, I’m not sure what’s happening. I’m feeling like I’m not myself. It’s not that I haven’t write any blog posts during my absent days. I wrote a lot. But every time I finished writing a post, I review it and I don’t like it anymore. So instead of posting, I just delete them away.

During these days, I’ve had some chances to go out and take some photos. But sadly, most of them are portraits of my beloved cousin sister. So I won’t be able to post it here. I still have some non-personal shots, but again, I don’t feel like editing them right now. So they’re resting in my external storage box. If I can find some time and some mood to edit them, you’ll be seeing them online here. For now, ciao, see you around. I’ll be updating my blog regularly, at least in English.

With love from the land of Merlion,
ငစနေ

Tuesday, July 29, 2008

Money No Enough

Money No Enough ဆိုတာ အခု တစ်လောကြော်ငြာနေတဲ့ စင်္ကာပူ ရုပ်ရှင်တစ်ကားပါ။ တစ်မင်တစ်ကာ အင်္ဂလိပ်စာကိုဖျက်ပြီး Singlish နဲ့ Money No Enough လို့ ပေးထားလေရဲ့။ အခုအဖြစ်အပျက်နဲ့ တိုက်ဆိုင်နေတော့ အဲဒီခေါင်းစဉ်လေးပဲ ဆွဲသုံးလိုက်တယ်။

ဖိုးစနေတို့ အလုပ်တွေများပြီး ဆတ်ဆလူးပျားတုပ်ဖြစ်နေရတဲ့အထဲ အဖြစ်ဆိုးပုံများ ပြောလဲပြောချင်ရဲ့ ပြောပြန်ရင်လဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ဦးမယ်။ ဖြစ်တာက ဒီလိုရယ် ...

ဘဏ်ကတ်ကိုင်တာ အကျင့်ပါလာတော့ ဖိုးစနေတစ်ယောက် ပိုက်ဆံအိတ်ထဲ ပိုက်ဆံကို များများစားစား မထည့်ထားတတ်။ ၂၀ - ၃၀ ခန့်သာ အများဆုံး ထည့်ထားလေ့ရှိသည်။ ဘဏ်ကတ်နဲ့ငွေချေလို့ရတဲ့နေရာမှန်သမျှ ကတ်လေးထုတ်ထုတ် ငွေချေရတာ အရသာကိုတွေ့လို့။ ဒီလထဲ ငွေသုံးက နည်းနည်းများသည်။ သဘောကလဲ ကောင်းပြီး ရုံးမှာ လိုအပ်တဲ့ပစ္စည်းဝယ်တာတွေ၊ ဧည့်သည်ကို entertain လုပ်တာတွေမှာ ပိုက်ဆံက စိုက်ထားလိုက်ပြီး လကုန်မှ ပြန် claim လုပ်မယ်ဆိုပြီး ထားလိုက်တာတွေက ရှိသေးသည်။ ဒီကြားထဲမှာ သူငယ်ချင်းများ (ကောင်မလေးများ) က အရေးတစ်ကြီး ပိုက်ဆံလိုနေသည်ဆိုလျှင်လဲ သဘောကောင်းစွာ ထုတ်ချေးလိုက်သေးသည်။ (ခု မချေးတော့ဘူး၊ မှတ်သွားပြီ) အပျင်းထူပြီးတော့ ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်လဲဆိုတာလဲ ဘယ်တော့မှ စစ်လေ့မရှိ။

ဒီနေ့မနက် ရုံးသွားခါနီး ပိုက်ဆံအိတ်ထဲကြည့်တော့ ၁၀ တန်တစ်ရွက်နဲ့ အကြွေနည်းနည်းပဲတွေ့သည်။ မနက်စာနဲ့ နေ့လည်စာ လောက်သေးတယ်ဆိုတော့ အေးဆေးပေါ့။ ညနေကျမှ ပိုက်ဆံထုတ်မယ်ဆိုပြီး ရုံးသွား၊ မနက်စာနဲ့ နေ့လည်စာ စားလိုက်တော့ ၁၀တန်လေးလဲ ကုန်ရောပေါ့။ ညနေ ရုံးဆင်းတော့ Peninsula ဘက်အေးဆေးလျှောက်၊ လမ်းမှာ တွေ့တဲ့ ATM ကိုဝင်ပြီး ပိုက်ဆံထုတ်တော့မှ ဇာတ်လမ်းက စတော့သည်။ စက်က ငွေထုတ်မပေး၊ error ပဲပြနေလေသည်။ ကမန်းကတမ်း balance check လုပ်လိုက်တော့ လက်ကျန်က ၇ ကျပ် ဟူ၏။ လက်ထဲမှာရှိတာက အကြွေ ၃ ကျပ်ကျော်ကျော်။ ကဲ ... အိမ်ပြန်ပြီး ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားလေးကတာပဲကောင်းပါတယ်ဆိုပြီး MRT ထဲ ဆင်းလာတုန်း ပါလေရာဖုန်းက ပကျိပကျိအော်လေသည်။

"Incoming call from ဘုန်းနိုင် .... "

“ဟေ့ကောင် ... ပြောဟ” ဖိုးစနေက နုတ်ဆက်လိုက်တော့

“ဟေ့ကောင် မင်းငါ့ကို ထမင်းကျွေးချင်စိတ်လေးဘာလေးများ မရှိဘူးလားဟေ”

ဖိုးစနေ စိတ်ရောလူပါ ညစ်သွားသည်။ ကိုယ်တိုင် ပိုက်ဆံမရှိလို့ အိမ်ပြန်ပြီးခေါက်ဆွဲပြုတ်သောက်ပါမည်ဆိုမှ ကျေးဇူးရှင်က ထမင်းကျွေးခိုင်းနေသေးသည်။ သို့သော်လည်း ငယ်သူငယ်ချင်းကြီးဆိုတော့ အော်ထုတ်၍လဲမရ၊

“ဟ ... ကျွေးချင်တာပေါ့ဟ။ ဒါပေမယ့် ဒီအချိန်မှ လာပြောရလားဟ။ လခထုတ်ပြီးမှ ကျွေးနိုင်မှာပေါ့။”

“လာမဖြီးနဲ့ဟေ့ကောင်၊ မင်းလခထုတ်ပြီးပြီမဟုတ်လား။ စလုံးက ကုမ္ပဏီတွေက လမကုန်ခင် လခပေးနေကျပါကွာ မင်းကလဲ”

ဖိုးစနေ စိတ်ထဲကပြောမိသည် “ဇွတ်ပါလားကျေးဇူးရှင်ရယ်”

“အရင်ကတော့ လမကုန်ခင်ရတာပဲဟ။ ခုမှ GYRO ဆိုတာကြီးနဲ့ လခပေးမယ်လုပ်တော့ နောက်ဆုံးရက်မှ လခရရ နေတာ ၃ - ၄ လ ရှိနေပြီ”

“ရရ မရရ ကွာ၊ ဒီနေ့ကျွေးမှရမယ်၊ မင်းမှာ ပိုက်ဆံမပါရင် ငါစိုက်ထားပေးမယ်။ နောက် နာရီဝက်နေရင်ရောက်မယ်။ ဒါပဲ”

သူတော်ကောင်း များ ဒုက္ခရောက်ပြီဆိုရင် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ ကြည့်မနေတတ်ကြ၊ ထမင်းငတ်ကိန်းဆိုက်နေသော ဖိုးစနေဆီသို့ ထမင်းဒကာတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင် ပို့ပေးလိုက်ကြလေသည်ဟုသာ မှတ်ယူရင်း Oriental House မှာ ငစနေနဲ့ဘုန်းနိုင် ၂ယောက်သား ထမင်းစားခဲ့ကြတာပေါ့ဗျာ။


30th July Update ...
သမ္မာဒေဝနတ်မင်းများ ကူညီလွန်းကြသည်ထင့် ... ဒီမနက် ဘဏ်လက်ကျန်စစ်ကြည့်တော့ လခက မျက်စိလည်လမ်းမှားကာ တစ်ရက်စောပြီး ဝင်နေသတဲ့ဗျာ။ ပျော်ပါတယ်။ တစ်ဆက်တည်း ကုသိုလ်ကောင်းမှုလေးလဲ ထပ်လုပ်ဦးမှလို့ တွေးမိပါတယ်။ ရှေးကလုပ်ခဲ့တဲ့ကုသိုလ်လေးတွေကြောင့် အခုဘာမှအခက်အခဲမရှိ အဆင်ပြေသွားပေမယ့် နောင်ဖြစ်လာမယ့် ပြဿနာတွေအတွက် ကုသိုလ်တွေမကျန်မှဒုက္ခ လို့ အတွေးပေါက်မိလို့ ဘုရားသွားကျောင်းတက် လုပ်လိုက်ပါဦးမယ်ဗျား။

Dedigated to Phone Naing who urged me to update my blog.

Monday, July 07, 2008

S P E E D

ဒီတစ်ပတ်တော့ S P E E D ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတစ်ချို့ ရိုက်ဖြစ်ပါတယ်။ အရှိန်နဲ့ ရွေ့လျားနေတဲ့ ကား၊ ဆိုင်ကယ် စတဲ့ အရာဝတ္ထုတွေကို ရိုက်ကြည့်တာပါ။ အဲဒီလိုပုံမျိုးရိုက်တဲ့အခါ shutter speed ကို အရမ်း မြန်ထားရင် object က freeze ဖြစ်သွားပြီး ပုံထဲမှာ သွားနေတဲ့ကားဟာ ရပ်နေတဲ့ ကားနဲ့ မခြားနားတော့ပါဘူး။ အဲဒီအတွက် shutter speed ကို ၁/၃၀ စက္ကန့် လောက်မှာ ထားပြီး ရိုက်ပါတယ်။ object ရဲ့ speed က နှေးနေရင်တော့ ၁/၂၀ စက္ကန့်လောက်ထားသင့်ပါတယ်။ shutter ကို နှေးထားပြီး ကင်မရာကို သွားနေတဲ့ အရာဝတ္ထုအတိုင်း လိုက်ရွှေ့ပြီး ချိန်ရင်း ရိုက်လိုက်တဲ့အခါ နောက်ခံက movement blur ဖြစ်နေတဲ့ ကား၊ ဆိုင်ကယ် ပုံတစ်ပုံကို ရပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင် ငှက်တွေ ပျံနေတာကိုလဲ အဲဒီလို ရိုက်ကြည့်လို့ရပါတယ်။ အလွန်ကောင်းတဲ့ ပုံတစ်ပုံ ထွက်လာပါလိမ့်မယ်။ အခု ကားတွေနဲ့ ဆိုင်ကယ်ပုံကို ခံစားကြည့်ပါဦး။





Blaze of Glory - Jon Bon Jovi

စိတ်ညစ်တာတွေ များလာရင် နားထောင်တတ်တဲ့ သီချင်းတွေထဲမှာ ဒီသီချင်းလဲ တစ်ပုဒ်အပါအဝင်ပါပဲ။ Jon Bon Jovi ရဲ့ Blaze of Glory သီချင်းပါ။ လောလောဆယ် ကျွန်တော် စိတ်ညစ်နေပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး အားမရတာတွေ များနေတာလဲ ပါတာပေါ့။ အိပ်ယာထ - ရုံးသွား - ရုံးပြန် - အိပ်ယာဝင် ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ဘဝကို တော်တော်လေး ငြီးငွေ့နေပါတယ်။ အိမ်ပြန်ချင်နေတယ်။ အဖေနဲ့အမေ့ကို သတိရနေတယ်။ ကိုယ်ထောင်တဲ့ဇာတ်မို့ ကိုယ်တိုင်ပြီးအောင် ကနေရပေမယ့် ဇတ်ညွှန်းကိုဆက်မရေးတတ်တော့ ဇာတ်ကြီးက တဝဲလည်လည်ဖြစ်နေလေရဲ့ဗျာ။ ညည်းတာတွေ အသာထားလို့ သီချင်းလေးကိုတော့ နားထောင်ကြည့်လိုက်ကြပါဦး။

Tuesday, July 01, 2008

City Lights


City Lights in panorama view.