Mt. Faber ပေါ်ကနေ စင်္ကာပူရဲ့ downtown area ကို လှမ်းမြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ C i t y L i g h t s လို့ပဲ နာမည်ပေးလိုက်တယ်။
နေအခါခါထွက်လို့ စံပယ်တွေလဲ မွှေးတသက်သက်ဝေခဲ့တယ်။ ကံနဲ့ဆောက်တဲ့ဝင်္ကပါမှာ ချစ်သူနဲ့ကိုယ်နဲ့ကတော့ ပြန်မဆုံကြသေးပါဘူး
Sunday, June 29, 2008
B R I D G E S
ဒီနေ့ ဓါတ်ပုံထွက်ရိုက်ဖြစ်တဲ့ ပုံတွေထဲက တစ်ချို့ပါ။ ဒီပုံလေးကတော့ တံတား တဲ့။ ထောက်ထားတဲ့တိုင်က တစ်တိုင်တည်းရယ်ဗျ။ ပြုတ်ကျမှဖြင့် ဒုက္ခနော်။

အပေါ်က တံတားကိုပဲ နောက် ရှုထောင့်တစ်မျိုးကနေ ပြန်ရိုက်ထားတယ်။ ရိုက်ဖို့ချိန်နေတုန်း တံတားမှာ ထွန်းထားတဲ့ မီးရောင်တွေ ပြောင်းသွားပြီး ကျွန်တော်ရိုက်လိုက်တဲ့ပုံစံလေးက DNA မုန့်ကြိုးလိမ်ပုံနဲ့ တူနေလို့ DNA လို့ပဲ နာမည်ပေးလိုက်တယ်။

ဒီတံတားတစ်ခုကတော့ သူတို့က Waves လို့ နာမည်ပေးထားတယ်။ အဝေးကနေကြည့်ရင် တံတားတစ်ခုလုံးက လှိုင်းတွန့်တွေလိုမျိုးဖြစ်နေတာ တော်တော်လေးလှတယ်။ ဒီပုံကတော့ အဲဒီ တံတာပေါ်ကနေပဲ အကွေ့တစ်နေရာကို ပြန်ရိုက်ထားတာပါ။
Friday, June 27, 2008
တစ်ခါက ဧရာဝတီ
Thursday, June 26, 2008
Old Places
ဖိုးစနေရောက်နေတဲ့ ခြင်္သေ့ကျွန်းဆိုတာလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကဆို တံငါရွာသာသာလေးရယ်ရှိတာ။ အဲဒီတော့ သူတို့မှာ ဘာရာဇဝင် သမိုင်းကြောင်းရယ်မှ တင့်တင့်တယ်တယ်မရှိရှာဘူး။ ရှေးဟောင်းအဆောက်အဦဆိုလို့လဲ နှစ် ၁၀၀ ကျော်တာထက် ပိုပြစရာကိုမရှိ၊ ဖိုးစနေတို့ ရန်ကုန်က ရွှေတိဂုံစေတီတော်မြတ်ကြီးဟာဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ခဲ့တာလို့များပြောလိုက်ရင် သူတို့ခင်မျာ ပါးစပ်အဟောင်းသားလေးတွေနဲ့ရယ်။ အဲဒါ ရွှေအစစ်တွေကွ လို့များ ကြွားလိုက်လို့ကတော့ ဘာမှကို ပြန်မပြောနိုင်ကြရှာဘူး။ အဲလေ ... အကြွားက လွန်ပြန်ပြီ။ အင်္ဂလိပ်မင်းများ ဝင်ရောက်သိမ်းပိုက်ပြီး ဆိပ်ကမ်းမြို့ ခံတပ်မြို့လေး တည်လိုက်တော့မှ စင်ကာပူဆိုတာ သားသားနားနားဖြစ်လာတာကလား။ အဲဒီတော့မှ တည်ထားတဲ့ အဆောက်အဦလေးတွေဆိုရင် သူတို့ခင်မျာ တော်တော်လေးကို အကုန်အကျခံပြီး ထိန်းသိမ်းရရှာတယ်။ ရန်ကုန်မှာတုန်းကတော့ အဲဒီလို အဆောက်အဦတွေ ဓါတ်ပုံရိုက်ချင်ရင် ဘယ်နားရိုက်ရိုက် ပေါပါလေ့၊ ကြိုက်သလောက်ရိုက်စမ်းပါ ပေါ့ဗျာ။ ဒီမှာတော့ ရှားပါးတယ်။ မရှိမဲ့ရှိမဲ့လေးတွေ လိုက်ရိုက်ထားတာကို ပြရရင်ဖြင့် ... ဒါလေးက ကြောင်လိမ်လှေခါး လို့ နာမည်ပေးထားတယ်။ ကြည့်ကြည့်ပါဦး။
Wednesday, June 25, 2008
R U N N I N G S H O E S
ဖိုးစနေ အလုပ်များချင်ယောင်ဆောင်ပြီး အပျင်းထူနေတာနဲ့ ခါတိုင်းလုပ်နေကျ အားကစားလေးတောင် မလုပ်ဖြစ်တာ ကြာပါပြီ။ အားကစားဆိုတာလဲ အားမှကစားတာကိုးဗျ နော။ အဲဒါနဲ့ ဟိုတစ်ရက်က ပန်းခြံထဲပြေးရအောင်လို့ အပြေးဖိနပ်လေးဆွဲပြီးသွားပါတယ် လက်စွဲတော် ကင်မရာကလဲ ကန့်လန့်ကန့်လန့် ပါလာလေတော့ ကင်မရာနဲ့ ဖိနပ်ကို မိတ်ဆက်ပေးလိုက်တာ အောက်ကပုံလေးရလာပါတယ်။ သူ့ကိုမစီးတာကြာလို့ ဟိုဘက်လှည့်ပြီးစိတ်ကောက်နေတဲ့ ကျွန်တော့်ရဲ့ R U N N I N G S H O E S လေးပေါ့။
Subscribe to:
Posts (Atom)




