မျောက် အုန်းသီးရတဲ့ဇာတ်လမ်းကို စသူမှာ ကျွန်တော်တို့ ဘလော့ဂါဂုရုကြီးကိုမောင်လှဖြစ်သည်။ တစ်ခါတုန်းက Forum တစ်ခုတွင် "What's in your bag?" ဆိုသည့် ခေါင်းစဉ်လေးအောက်၌ ကျွန်တော်တို့ အပြိုင်ကြွား အဲလေ .. အပြိုင်ရေးခဲ့ကြတုန်းက ကိုမောင်လှက သူ့အိတ်ထဲတွင် အုန်းသီးတစ်လုံးရှိကြောင်း ပြောရာ ကျွန်တော်တို့ တော်တော်လေး ဦးနှောက်ခြောက်ခဲ့ရဖူးသည်။ နောက်မှ ထို အုန်းသီး ဆိုသောအရာမှာ prosumer digital camera တစ်လုံးဖြစ်ကြောင်း သိခဲ့ရသည်။ ယခုမူ ငစနေတစ်ယောက် အုန်းသီးတစ်လုံးဝယ်လိုက်လေပြီ။ မျောက်အုန်းသီးရတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီအုန်းသီးနဲ့ အလုပ်ရှုပ်တော့တာပေါ့။ ခါကြည့်လိုက်၊ လှုပ်ကြည့်လိုက်၊ လှည့်ပတ်ကြည့်လိုက်၊ အထဲက အသံကို နားထောင်ကြည့်လိုက်၊ သစ်ပင်ပေါ်က ပစ်ချကြည့်လိုက် နဲ့ မြင်ယောင်သာ ကြည့်ကြပါတော့။
မျောက် အုန်းသီးရရင်တော့ အဲဒီလိုလုပ်တာပေါ့ဗျာ။ camera ကိုတော့ အဲဒီလို လုပ်လို့ ဘယ်ရပါ့မလဲ။ အဲဒီတော့ ဟိုလိုလေး ရိုက်ကြည့်လိုက်၊ ဒီလိုလေး ရိုက်ကြည့်လိုက်၊ အပေါ်ကနေ စီးပြီးရိုက်လိုက်၊ အောက်ကနေ ပင့်ပြီးရိုက်လိုက်နဲ့ အလုပ်တွေရှုပ်နေတော့တာပေါ့ဗျာ။ ငစနေ့သူငယ်ချင်း Qwer Qwer ကတော့ အဲဒါ မျောက် အုန်းသီးရတာ မဟုတ်ဘူးတဲ့။ မျောက်လက် စက်သေနတ်ရောက်တာ တဲ့။ တွေ့သမျှ မြင်သမျှ မဲမဲမြင်ရာ လျှောက်ပစ် လျှောက်ရိုက်နေလို့ဆိုပဲ။ သူလဲ ဘာထူးလို့တုန်း Canon S5 Prosumer ကြီးကိုင်ပြီး လျှောက်ပစ်နေတာပဲဟာ။

4 comments:
ကိုသီဟသစ် ဆီကနေရောက်လာပါတယ်။ အုန်းသီးက ပန်းသီးထက် ပိုဈေးကြီးမှာပဲနော်။ သူငယ်ချင်း Qwer Qwer လို့ဆိုတော့ စိတ်ထဲမယ် (ကို)ကွာလား ပဲသွားမြင်တယ်။ အသိရဲ့အသိထဲမှာ အဲနာမည်နဲ့ ကင်မလာရိုက်တဲ့သူရှိလို့ပါ။
ရမ်းတုတ်သူ
ခမမ
ညီမ ခက် ရေ။ ကွာကွာက သပ်သပ် ကွာလာက သပ်သပ်ဖြစ်ကြောင်းပါ။ ကွာလာကြီးနဲ့တော့ မတွေ့တာ ၃ လလောက်ရှိပြီ။
ဟိ.. ခပ်မြင့်မြင့်ဆိုတာ ကလေးမ မဟုတ်ပါဘူး။ ကလေးထီးသာ ဖြစ်ကြောင်း။
တိန်
ခက် လို့ ဖတ်လိုက်လို့ မိန်းကလေးထင်သွားတာပါ။ လွဲတဲ့အခါလဲ လွဲပေမပေါ့လေ။ ရဲဝင်းပဲဟာကို။
Post a Comment