Tuesday, October 23, 2007

၁၀၉ - ၁၁၀


ဘောစိက ဂွတ်လပ်ဟုပြော၍ လက်ဆွဲနှုတ်ဆက်လိုက်သောအခါ ဖိုးစနေတစ်ယောက် မျောက်သစ်ကိုင်းလွတ် ၁၀၉ - ၁၁၀ ဖြစ်လေပြီ။ အဲဒါမှ ခက်ပါ့ ... ဒီဘက်က ထွက်လို့တော့ ရပြီ၊ ဟိုဘက်က ၀င်ရဖို့အရေး MoM ဆိုသော Milk of Magnisium အဲလေ ... Ministry of Manpower ဆိုတာကြီးက pass ကို ဂျက်ထားလေတော့ ကန့်လန့်ကန့်လန့် ဖြစ်ကုန်ပြီပေါ့။ တစ်ဖက်အလုပ်ရှင်ကတော့ မင့် ချို့ယွင်းချက်ကြောင့်မဟုတ်ပါ ... ငါတို့ management issue တစ်ခုရှိ၍ဖြစ်သည် မနက်ဖြန် သွား၍ ဖြေရှင်းလိုက်လျှင် ရနိုင်ပါသည်ဟု အားပေး၏။ ဟုတ်ပါ့မလား မောင်ကာဠုရယ် ဟုသာ မေးလိုက်ချင်သည်။ ဒါ့ထက်တောင် ပိုသေးဟု ပြောရင်တော့ မတတ်နိုင်။ မရလျှင်တော့ တစ်ခြားအလုပ်တစ်ခု ရှာရုံပေါ့ ဖိုးစနေရယ်။ မင်းကတော့ ဖြစ်လိုက်ရင် ဘယ်တော့မှ ချောချောမွေ့မွေ့ပြီးတယ်မရှိ။ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လွဲရမှ အဆင်ပြေသူဆိုတော့လဲ ... အင်း ... နောက်ဆုံးကျရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ ငါးမရ ရေချိုးပြန် ... အလုပ်မရ အထုတ်ဆွဲပြန်ရုံပေါ့။ အဟက်ဟက် ... ကိုကြီးဒေါင်းရေ ... ကယ်တော်မူပါ .. အဟိ

No comments: