Wednesday, April 01, 2020

Covid Diary Day-7 1-Apr

SG Covid Day 69။ အလုပ်ရှုပ်နေတာနဲ့ပဲ မနေ့ကတစ်ရက် Diary ရေးဖို့တောင် လွတ်သွားတယ်။ မနေ့က မြန်မာမှာ ထပ်တိုးလူနာ တစ်ယောက်။ Case-15 က International SOS ဆေးခန်းက သူနာပြုဆရာမ။ Case-5 လူနာ၊ ကင်ဆာဝေဒနာသည်ကတော့ တိမ်းပါးသွားပြီ။ စလုံးမှာလဲ case တွေ တရိပ်ရိပ်တိုးနေတယ်။ မနေ့က အစိုးရကတော့ မဖြစ်မနေ အလုပ်ကိုမလာလို့ မရတဲ့အလုပ်မျိုးကလွဲရင် ကျန်တဲ့အလုပ်တွေ အိမ်ကနေပဲ လုပ်ခိုင်းကြဖို့ အမိန့်ထုတ်ထားပြီ။ အဲ့လိုအမိန့်ထုတ်လိုက်မှ ကိုယ်က ရုံးပြန်လာတက်ရတယ်။ ပျော်စရာပေါ့။

USA ဘယ်လောက် တစ်ကမ္ဘာလုံး ဘယ်လောက် ဘာညာတောင် လိုက်မဖတ်ဖြစ်တော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ဂရုစိုက်ကာကွယ်ပြီး စိတ်ချမ်းသာအောင် နေဖြစ်တော့တယ်။