Friday, December 14, 2007

ဟိုဟိုဒီဒီ UPDATE

ကျွန်တော် blog စရေးတဲ့ အချိန်တုန်းကတော့ ငါ့ blog ငါရေးတာပဲ။ ရေးချင်ရေးမယ် မရေးချင် မရေးဘူး ဆိုတဲ့စိတ်တစ်ခု ရှိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကိုယ့် blog ကို ကိုယ့် အိမ်ယာတစ်ခုလို သဘောထားလာမိတယ်။ ကိုယ့်အိမ်ကို လာလည်တဲ့သူတွေ ဘာမှ မကျွေးမွေးလိုက်ရပဲ ပြန်သွားရတာကို အားနာသလို ကိုယ့် blog ကို လာတဲ့သူတွေလဲ လာပြီးတော့ post အဟောင်းတွေပဲ ကြည့်ပြီး ပြန်သွားရမှာ အားနာမိနေတယ်။ Blog ရေးတာဟာ တာဝန်တစ်ရပ်လို ခံစားလာရတယ်။ ခုရက်ပိုင်းကတော့ အသည်းကွဲသီချင်းတွေနဲ့ပဲ လုံးလည်ခြာလည်နေလို့ ငစနေတစ်ယောက် blog ဘက်ကို စာဦးမလှည့်ဖြစ်ပဲ ပတ်ပြေးနေမိတယ်။ စိတ်လေတာ ပျောက်လိုပျောက်ငြား ကျွန်းသေးသေးလေးကိုပတ်ပြီး ဓါတ်ပုံတွေ လျှောက်ရိုက်နေပေမယ့် ဓါတ်ပုံတွေကလဲ အသက်မပါသလိုဖြစ်နေတယ်။ ဘာကိုမှ စိတ်တိုင်းက မကျမိ။

ဘာရယ်မဟုတ်ပါဘူး။ ခုရက်ပိုင်း blog လာဖတ်တဲ့သူတွေကို အရမ်းအားနာပါတယ်ဆိုတဲ့အကြောင်း၊ နောက်ပိုင်း စိတ်အခြေအနေ ကောင်းရင်ကောင်းသလို စာပြန်ရေးပါ့မယ်ဆိုတဲ့အကြောင်းလေး လာပြောတာပါ။ ဘော်ဒါကြီး ညီလင်းဆက် ကတော့ ဘယ်သူနဲ့သွားပြီး အဗျူးခံတယ်မသိဘူး သူ့ဗျူးကိုအဖြတ်ခံရလို့ဆိုပြီး ဒေါကန်နေလေရဲ့။ သူက လေးထောင့်ကြီးပြောလဲ ထောင့်တွေ အသပ်ခံရတော့ အဝိုင်းလိုလို ဖြစ်ရင် ဖြစ်သွားပေမပေါ့လေ။

2 comments:

MND said...

ကိုငစနေ ဘလော့ကို ကျမဆီက ဖတ်လို့ မရဘူးရှင့်။ ကိုငစနေ ရေးထားသလို ဖောင့်ဒေါင်းလုတ် လုပ်ပြီး ဖတ်လဲ မမြင်ရဘူး။ ကျမကျောင်းက စက်အိုကလေးတွေ ကြောင့်ပဲလားတော့ မသိဘူး။ အခုတော့ ကော်ပီကူးပြီး ဖတ်နေရတယ်။ အဆင်ပြေရင် စာတွေ ရေးပါအုံး ... ။

အားပေးလျက်
မေဓာဝီ

ငစနေ said...

အစ်မရေ ... EOT မလုပ်ရသေးလို့ပါ။ ကျွန်တော် အဆင်ပြေအောင် လုပ်ထားလိုက်ပါ့မယ်။ အားပေးတဲ့အတွက် ကျေးဇူးပါ။