Friday, July 13, 2007

Friday 13

ဒီနေ့ ရုံးမှာ တစ်နေ့လုံး သူများဘလော့တွေ လျှောက်ဖတ်ပြီး ဘလော့ချင်စိတ်ပေါ်လာတာနဲ့ အိမ်ပြန်ရောက်ရင်တော့ ဘလော့ဦးမှပဲ ဆိုပြီး ပြန်လာခဲ့တယ်။ လမ်းမှာ ဒီနေ့ လက်ပ်တော့ပ် ကိုဆွဲရတာ နည်းနည်း ပေါ့နေသလိုပဲလို့တော့ ခံစားမိသား။ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်တော့ AC Adapter က ရုံးမှာကျန်ခဲ့မှန်း သိလိုက်ရတယ်။ ၂ နာရီကျော်ကျော်ပဲ ခံမယ့် battery နဲ့တော့ စာရှည်ရှည် မရေးချင်တော့။ ဒီ weekend မှပဲ သေသေချာချာ ရေးတော့မယ်လို့ စိတ်ကို တေးထားလိုက်တယ်။

No comments: